စီးပွားရေးအသိပညာရပ်ဆိုင်ရာဟောပြောပွဲ ၂၀၂၃ သို့တက်ရောက်နိုင်ပါရန်ဖိတ်ကြားခြင်း။

              ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် များအသင်း (YRYEA)၏ ရည်ရွယ်ချက်များအတိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များအတွက် စီးပွားရေးများပိုမိုဖွံ့ဖြိုးတိုးတက် စေရန်ရည်ရွယ်၍ ပထမဦးဆုံးအကြိမ် မိတ်ဖက်လုပ်ငန်းများနှင့်ပူးပေါင်းကျင်းပသော အာရှဒေသတွင်းဆိုင်ရာ စီးပွားရေးအသိပညာရပ်ဆိုင်ရာဟောပြောပွဲ၂၀၂၃ ကို ရိုးမဘဏ်၏အဓိကကူညီပံ့ပိုးပေးမှုဖြင့် ၂၀၂၃ ခုနှစ် ဇွန်လ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ Wyndham Grand Hotel Yangon အမရပူရခန်းမ၌ ကျင်းပမည်ဖြစ်ပြီး ရိုးမဘဏ်လုပ်ငန်းစုနှင့်လက်ရှိချိတ်ဆက်လုပ်ကိုင်နေသော အသင်းသူ /သားများ၏ စီးပွားရေးလုပ်ငန်းများလည်း ပါဝင်ပြသကြမည်ဖြစ်ပါသည်။  

စီးပွားရေးအသိပညာဗဟုသုတဟောပြောမှု အစီအစဥ်အနေဖြင့် ပထမပိုင်းတွင် စင်္ကာပူနိုင်ငံအခြေစိုက် နိုင်ငံတကာစီးပွားရေးဆိုင်ရာ ဥပဒေအကြံပေးအဖွဲ့ RAJAH & TANN ASIA မှ “BUYING AND SELLING A BUSINESS – KEY CONSIDERATIONS FROM A LEGAL AND COMMERCIAL PERSPECTIVE” ခေါင်းစဥ်ဖြင့် Mr. Alroy Chan နှင့် Mr. Hiroyuki Ota တို့မှ စိတ်ဝင်စား ဖွယ်ရာအကြောင်းအရာများဖြင့် ဟောပြောဆွေးနွေးမည် ဖြစ်ပါသည်။  

ဟောပြောပွဲအစီအစဥ် ဒုတိယပိုင်းတွင် အပြည်ပြည်ဆိုင်ရာကုန်သည်ကြီးများအသင်း(ICC Academy) မှ ကုန်သွယ်မှုဘဏ္ဍာရေးဆိုင်ရာ အသိအမှတ်ပြုရပညာရှင်တစ်ဦးဖြစ်ပြီး Trade Finance Operation ပိုင်းတွင် ၁၀နှစ်ကျော် အတွေ့အကြုံရှိသည့်  ယခုလက်ရှိရိုးမဘဏ်တွင် Trade နှင့်ပတ်သတ်သည့်လုပ်ငန်းများအား တာဝန်ယူလုပ်ကိုင်နေသော ဦးကျော်ဆန်းလင်း မှ “TRADE FINANCING” ခေါင်းစဥ်ဖြင့် ဘဏ်နှင့်မိမိတို့လုပ်ငန်းများအကြားငွေကြေးလုပ်ဆောင်ချက်များမည်ကဲ့သို့ထိရောက်စွာ ကိုင်တွယ်လုပ်ဆောင်ရမည့်အချက် များကို ရှင်းလင်းဟောပြောသွားမည်ဖြစ်ပါသည်။  

 အသင်းသားများအနေဖြင့်လည်း မိမိတို့၏လုပ်ငန်းများကိုတိုးချဲ့ရန်အတွက်သော်လည်းကောင်း လုပ်ငန်း စတင်အကောင်အထည်ဖော်ရန်အတွက်သော်လည်းကောင်း ငွေကြေးအထောက်အပံ့အကူအညီများရယူရန် ရိုးမ ဘဏ်နှင့်ချိတ်ဆက်ဆောင်ရွက်လိုပါက အဆိုပါနေ့တွင် အသင်းသားများအတွက် အထူးအခွင့်အရေးများစွာနှင့်အတူ ရင်းနှီးပွင့်လင်းစွာတိုင်ပင်ဆွေးနွေးနိုင်ပါရန် ရိုးမဘဏ်အဖွဲ့သားများက စောင့်မျှော်နေကြပါကြောင်း သတင်း ကောင်းလေးပါး အပ်လိုက်ရပါသည်ရှင်…။  

 

အဆိုပါဟောပြောပွဲတွင် ပြခန်းပြသလိုသောသူများအနေဖြင့် ၉.၆.၂၀၂၃ (သောကြာနေ့) နောက်ဆုံးထား၍ အသင်းရုံးဖုန်းနံပါတ်ဖြစ်သော ၀၉-၂၆၆၅၅၉၃၂၃  ဒေါ်နှင်းနှင်းအောင် (Assistant Admin Officer) သို့ ရုံးချိန်အတွင်း အသေးစိတ် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည် 

  

ကျင်းပမည့်နေ့ရက် ။       ။ ၁၅.၆.၂၀၂၃ (ကြာသာပတေးနေ့)။  

ကျင်းပမည့်အချိန်          ။ နေ့လည် ၁း၀၀ နာရီမှ ညနေ ၆း၀၀ နာရီ အထိ။  

ကျင်းပမည့်နေရာ           Wyndham Grand Hotel Yangon (အမရပူရခန်းမ)  

 

ဟောပြောပွဲသို့တက်ရောက်ကြမည့် အသင်းသူ/သားများအနေဖြင့် ၁၂-၆-၂၀၂၃ (တနင်္လာနေ့) ညနေ ၄:၀၀ နာရီနောက်ဆုံးထား၍ အောက်ပါ  Registration Link  မှတဆင့် စာရင်းပေးသွင်းနိုင်ပါကြောင်းလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်။  

 

Registration Link ;   https://bit.ly/YRYEA202306

Leave a Reply

Your email address will not be published. Required fields are marked *

Social Share Buttons and Icons powered by Ultimatelysocial