ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ အသင်း (YRYEA) ၏ AFRC Committee မှ စီစဉ်တင်ဆက်သော " Impact of the New Trademark law in 2020" ခေါင်းစဉ်ဖြင့် ၂၀၁၉ ခုနှစ် ဇန်နဝါရီလ တွင် ထုတ်ပြန်ပြဌာန်းခဲ့သော ကုန်အမှတ်တံဆိပ်ဥပဒေ (Trademark Law 2019) နှင့် ဩဂုတ်လ ၂၈ ရက်တွင် စီးပွါးကူးသန်းကထုတ်ပြန်ခဲ့သော အမိန့်ကြေငြာစာ၆၃/၂၀၂၀အရ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ပြီးသားလုပ်ငန်းတွေက အောက်တိုဘာ ၁ ရက်နေ့တွင် ပြန်လည် မှတ်ပုံတင်ရန် လိုအပ်ကြောင်း အစရှိသည့် ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ရန်လိုအပ်သော ကိစ္စရပ်များနှင့် သက်ဆိုင်သော Online Webinar အား စက်တင်ဘာလ (၁၀) ရက်နေ့ ၊ ၂၀၂၀ ခုနှစ်တွင် ကျင်းပ ပြုလုပ်ပြီးစီးခဲ့ပြီးဖြစ်ပါသည်။ ၎င်း Webinar အား YRYEA Facebook page တွင် Live ပြန်လည် ကြည့်ရှု့နိုင်ပါသည်။
၎င်း Webinar တွင် Panelist များအနေဖြင့်
(1) U Htain Lin Oo ,Founder, Myanmar Trademark and Patent Law Firm
(2) Daw Phyo Pyae Pyae Han, Senior Lawyer, Indegroup Myanmar Co., Ltd.
(3) Daw Thae Ei Shwe Zin, Senior Associate, Rajah and Tann Myanmar တို့မှ ဝင်ရောက်ဆွေးနွေးပေးခဲ့ကြပြီး Moderator အနေဖြင့် U Soe Moe Than, YRYEA Executive Committee (EC), Head of Business Development, Pho La Min Trading Co., Ltd တို့မှ တင်ဆက်ပေးခဲ့ပါသည်။
Facebook
Facebook
Twitter
Visit Us
YouTube
LinkedIn
Instagram

Leave a Reply

Your email address will not be published. Required fields are marked *

Social Share Buttons and Icons powered by Ultimatelysocial