မင်္ဂလာပါခင်ဗျာ

              ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (YRYEA) မှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါတယ်။
ကျွန်တော်တို့ (YRYEA) အသင်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လူငယ်စီးပွားရေးလုပ်ငန်းရှင်များနှင့် လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ထားသော အကျိုးအမြတ်မယူသော (Non-Government Organization) လူငယ်အသင်းတသင်း ဖြစ်ပါတယ်။ အသင်းတွင်မတူညီသော စီးပွားရေးနယ်ပယ်အသီးသီးမှ အောင်မြင်လျှက်ရှိသော လူငယ်လုပ်ငန်းရှင်အမြောက်အများနှင့် ပါဝင်ဖွဲ့စည်းထားသောအဖွဲ့အစည်းဖြစ်သည့်အတွက် မိတ်ဆွေသည်လည်း အနာဂတ်တွင် အောင်မြင်သည့်စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်ရမည်ဟု ယုံကြည်ပါသည်။
              မိတ်ဆွေဟာစွန့်ဦးတီထွင်စီးပွားရေးခရီးစဉ်ကြီးကို လျှောက်လှမ်းဖို့ရာအတွက် စတင်ခဲ့ဲပြီးဖြစ်ပါက အခွင့်အလမ်းတစ်ခုအနေဖြင့် ကျွန်တော်တို့အသင်းမှခေတ်စနစ်လျော်ညီစွာ စီစဉ်ထားရှိသော စဉ်ဆက်မပြတ် ပညာရပ်ဆိုင်ရာဟောပြောပို့ချမှုများ၊ အလုပ်ရုံဆွေးနွေးပွဲမျာ၊ လေ့လာရေးခရီးစဉ်များနှင့် သက်ဆိုင်ရာလုပ်ငန်းအချင်းချင်းပူးပေါင်းဆောင်ရွက်နိုင်ရန် ချိတ်ဆက်ပေးခြင်းများကို ကျွန်တော်တို့ (YRYEA) ညီအကိုမောင်နှမများနှင့်အတူ ပျော်ရွှင်စွာဖြင့်အတွေ့အကြုံများကို ဖလှယ်၍ ပူးပေါင်းပါဝင်သင်ယူလေ့လာဆည်းပူးနိုင်ပါကြောင်းလည်း အသိပေးအပ်ပါသည်။
(YRYEA) အသင်းအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ လူငယ်စီးပွားရေးလုပ်ငန်းရှင်များအကြား စွန့်ဦးတီထွင်ဂေဟစနစ် (Entrepreneurship Ecosystem) တစ်ခုကိုစနစ်တကျဖော်ဆောင်နိုင်ရန် အတွက် လုပ်ငန်းဖော်ဆောင်ရေးကော်မတီကြီး(၅)ခုဖြင့် ကြိုးပမ်းဆောင်ရွက်လျှက်ရှိနေပါတယ်။

၎င်းကော်မတီများမှာ-

  • ၁။ အများပြည်သူနှင့်ဆက်ဆံဆက်သွယ်ရေးကော်မတီ(Public Relations Committee)
  • ၂။ အသင်းသားများနှင့်စွန့်ဦးတီထွင်မှုများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ(Entrepreneurship and Members Development Committee)
  • ၃။ ဘဏ္ဍာရေးဆိုင်ရာအသိပညာအတတ်ပညာများဖြန့်ဝေရေးကော်မတီ(Access to Financial Resources Committee)
  • ၄။ မူဝါဒဆိုင်ရာလုပ်ငန်းစဉ်များချမှတ်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(Collaboration and Advocacy Committee)
  • ၅။အသင်းသားများ အကျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီ (Member Benefit Committee) တို့ဖြစ်ပါသည်။

              မိတ်ဆွေသည်လည်း ၎င်းကော်မတီများထံမှ မိမိလုပ်ငန်းများနှင့် ဆက်စပ်လျက်ရှိသော ကော်မတီများထဲတွင် ကော်မတီဝင်အဖြစ်ကိုယ်တိုင်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် လုပ်ငန်းနှင့်ပတ်သတ်သော အသိပညာများနှင့်မိတ်ဆွေအပေါင်းအသင် းများတိုးပွားရရှိလာမည်ဖြစ်သည့်အပြင် ကျွနုပ်တို့၏မိခင်အသင်းကြီးဖြစ်သော မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(MYEA) ၏အသင်းသားအဖြစ်လည်းတစ်ချိန်တည်းတွင် သတ်မှတ်ခြင်းခံယူ၍ မြန်မာနိုင်ငံအနှံအပြားရှိ(MYEA) ညီအကိုမောင်နှမများနှင့်အတူ မိတ်ဆွေ၏အနာဂတ်ကိုအကောင်းဆုံးထုဆစ်ဖော်ဆောင်နိုင်ပါကြောင်း ဆုတောင်းမေတ္တာသဝဏ်လွှာဖြင့် နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျာ။

president
  • ဦးသန်းထိုက်လွင်
  • ဥက္ကဋ္ဌ
  • ရန်ကုန်တိုင်းဒေသကြီး
  • လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း
Social Share Buttons and Icons powered by Ultimatelysocial