ချစ်ခင်လေးစားရပါသော အသင်းသူ/အသင်းသားများ ခင်ဗျား

ရန်ကုန်တိုင်းဒေသကြီး အတွင်း၌ လက်ရှိ ဖြစ်ပေါ်လျှက်ရှိနေသော ကိုရိုနာဗိုင်းရပ် (COVID-19) ရောဂါ ကူးစက်ခံစားနေရသော လူနာများ အတွက် မိမိတို့၏ ကိုယ်ကျိုးကို မငဲ့ကွက်ဘဲ သက်ဆိုင်ရာနယ်မြေ အသီးသီး၌ ကုသရေး
နှင့် စောင့်ကြပ် ကြည့်ရှု စစ်ဆေးပေးနေသော ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနလက်အောက်ရှိ ဆရာဝန်များ၊ သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများ၏ စားရေးသောက်ရေး အဆင်ပြေစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်များအသင်း (YRYEA) မှ ပံ့ပိုးကူညီပေးသွားရန် Support Our Heroes (SOH) အစီအစဥ်အား စီမံရေးဆွဲထားပါသည်။
ရန်ကုန်သူ ရန်ကုန်သားများ အတွက် အန္တရာယ်ကြားမှာ ထိတွေ့ရင်ဆိုင်နေရတဲ့ ရန်ကုန်တိုင်း COVID-19 ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းတွေအတွက်နေ့စဥ် ထမင်းဟင်း ပံ့ပိုးပေးရန် အတွက် တနေ့စာ (မနက်စာ+နေ့လယ်စာ+ညစာ) များ အတွက် ၅၀၀၀ ကျပ်နှုံး သတ်မှတ်၍ နေ့စဉ်ဝန်ထမ်း အယောက် ၂၀၀ ဦးရေနှင့် အထက်အားကျွေးမွေးရန် စီစဥ်ထားပါသည်။ သို့ဖြစ်ပါ၍ အသင်းသူ/အသင်းသားများ အနေဖြင့် SOH အစီအစဥ်တွင်

(၁) ငွေသားသီးသန့် ပါဝင်လှူဒါန်းလိုသောသူများ မှလည်း အလှူငွေများအား အသင်းရုံး၏ ဘဏ် အကောင့်ထဲမှတဆင့်သော်လည်းကောင်း

(၂) COVID-19 Virus ကာကွယ်ရေးပစ္စည်းများဖြစ်သော Medical PPE, Surgical Mask ,Hand Sanitizer နှင့် Clorine အစရှိသည်ဖြင့် မိမိတို့လှူဒါန်းလိုသောကျန်းမာရေးသုံးပစ္စည်းတို့ကိုလည်း လှူဒါန်းနိုင်ပါကြောင်းနှင့်

(၃) ဤ program အတွက် အစားအသောက်များအား Food Supplier အဖြစ် ပူးပေါင်း ဆောင်ရွက်တင်သွင်း ရောင်းချလိုသော အသင်းဝင်များအနေဖြင့်လည်း အသင်းရုံးသို့ စောလျင်စွာ (အမြန်ဆုံး) ဆက်သွယ်ပေးပါရန် လေးစားစွာဖြင့်အသိပေးနှိူးဆော်လိုက်ရပါသည်ခင်ဗျာ။

ဆက်သွယ်လှူဒါန်းရန်
********************
ဒေါ်ဟင်္သာနှင်းညို
စီမံရေးရာအရာရှိ
☎️09266559322, 09266559323

ငွေသားထည့်ဝင်လှူဒါန်းရန်
*************************
Yangon Region Young Entrepreneurs Association Incorporated

Account No -
AYA Saving - 0031205010167691
AYA Current - 0031105010020249

KBZ Call - 23950323900551401

CB Saving - 0096600200000377
CB Current - 0096100400000318
CB USD - 0096101200003557
ပစ္စည်းများပို့ဆောင်လှူဒါန်းရန်
***************************
Dangon Center ( 1 ), Basement Carpark Area

#YRYEA
#SOH
#SupportOurHeroes
#Covid19

Facebook
Facebook
Twitter
Visit Us
YouTube
LinkedIn
Instagram

Leave a Reply

Your email address will not be published. Required fields are marked *

Social Share Buttons and Icons powered by Ultimatelysocial