Welcome Message from YRYEA New Member

     မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့မှ အသင်းဝင်အဖြစ်ကြိုဆိုပါတယ်။
       မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းသည် ဗဟိုအသင်းချုပ်အနေဖြင့်ဖွဲ့စည်းတည်ထောင်ထားပြီး တိုင်းနှင့်ပြယ်နယ်အသီးသီးတွင်လည်းအသင်းခွဲများ ဖွ့ဲစည်းထားပါသည်။ ရန်ကုန်တွင်လုပ်ငန်းတည်ထောင်ထားသည့် အသင်းဝင်များအနေဖြင့် မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း (MYEA) နှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(YRYEA) နှစ်ခုစလုံးတွင် Dual Member အဖြစ်ရရှိမည်ဖြစ်ပါသည်။၂၀၀၉ခုနှစ်တွင် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များတစ်စုမှ မြန်မာနိုင်ငံတွင်စွန့်ဦးတီထွင်အသိုက်အဝန်းတစ်ခု ပေါ်ပေါက်လာစေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း(YRYEA) ကိုစတင်ဖွဲ့စည်းခဲ့ပါသည်။

YRYEA အသင်း၏ Vision မှာ-

“TO BE LEADING,RECOGNIZED INSTITUTION FOR EMPOWERMENT OF YOUNG ENTREPRENEURS IN MYANMAR”

YRYEA အသင်း၏ Vision များအကောင်အထည်ပေါ်စေရန် အောက်ပါရည်မှန်းချက်များမှာ အဓိကကျပါသည်။

  • ပျိုးထောင်စလုပ်ငန်းငယ်များနှင့် တီထွင်ဆန်းသစ်စွန့်ဦးတီထွင်မှုများကို ဖြစ်မြောက်အောင်ပံ့ပိုးပေးနိုင်သည့် နိုင်ငံတကာအဆင့်မှီ စွန့်ဦးတီထွင်အသိုက်အဝန်းတစ်ခု မြန်မာနိုင်ငံတွင်ဖန်တီးနိုင်ရန်။
  • စွန့်ဦးတီထွင်မှုကို အထောက်အကူဖြစ်စေသည့် စီးပွားရေးဝန်းကျင်တစ်ရပ်ပေါ်ပေါက်လာစေရန်အတွက် အသင်းအနေဖြင့် နိုင်ငံတော်အစိုးရကို အားပေးထောက်ပံ့ကူညီမှုကို အရှိန်အဟုန်တိုးမြှင့်နိုင်ရန်။
  • ပြည်တွင်းပြည်ပလုပ်ငန်းများတွင် ယှဉ်ပြိုင်နိုင်သည့် လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပြုစုပျိူးထောင်ပေးရန်။
  • မြန်မာနိုင်ငံရှိလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအနေဖြင့် ပြည်တွင်းနှင့် နိုင်ငံတကာမှလုပ်ငန်းများနှင့် ချိတ်ဆက်ပြီး အတွေးအခေါ်အကြံဉာဏ်များ ဖလှယ်နိုင်မည့် စင်္ကတြစ်ခုဖန်တီးပေးရန်။
  • အားလုံးပါဝင်ပြီး ကောင်းမွန်သောစီးပွားကျင့်ဝတ်ရှိသည့် ပတ်ဝန်းကျင်တစ်ခုဖြစ်အောင် အားပေးရန်။
  • စွန့်ဦးတီထွင်မှုနှင့် ပတ်သတ်သောယဉ်ကျေးမှုတစ်ခု လူမှုအသိုက်အဝိုင်းကြားတွင် ပိုမိုသိရှိစေရန်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့၏ အသင်းဝင်တစ်ယောက်အနေဖြင့် အောက်ဖော်ပြပါအကျိုးကျေးဇူများ ရရှိမည်ဖြစ်ပါသည်။

  • ပညာရေးနှင့်ပတ်သတ်သော အထောက်အပံ့ကောင်းများရရှိနိုခြင်း။
  • အသင်းမှ စွန့်ဦးတီထွင်လုပ်ငန်းရှင်များအတွက် သီးသန့်ပြုလုပ်ထားသည့် သင်တန်းများတွင်ပါဝင်နိုင်ခြင်း။
  • အသင်းနှင့်ချိတ်ဆက်ထားသည့် စီးပွားရေးလုပ်ငန်းများမှ Special Discount များရရှိနိုင်ခြင်း။
  • အသင်းဝင်များအတွက်သာသီးသန့်ပြုလုပ်ထားသည့် အထူးအစီအစဉ်များ (Member Privilege Program) တွင်ပါဝင်နိုင်ခြင်း။
  • အသင်းမှပြုလုပ်သည့် လေ့လာရေးခရီးစဉ်များတွင် အသင်းဝင်အချင်းချင်း ပိုမိုရင်းနှီးမှုရရှိနိုင်ခြင်း။
  • စွန့်ဦးတီထွင်မှုနှင့် ပတ်သတ်သောယဉ်ကျေးမှုတစ်ခု လူမှုအသိုက်အဝိုင်းကြားတွင် ပိုမိုသိရှိစေရန်။
  • အခြားတိုင်းပြည်များမှ ဖိတ်ကြားသည့် ပညာသင်ဆုများအတွက် လျှောက်ထားနိုင်ခြင်း။
  • အသင်းမှပြုလုပ်သည့် (Networking Event) များတွင် စွန့်ဦးတီထွင်လုပ်ငန်းရှင်အသစ်များနှင့် တွေ့ဆုံနိုင်ခြင်။း
  • အသင်းမှပုံမှန်ပြုလုပ်သည့် အစိုးရဌာနများ၊ မူဝါဒချမှတ်သူများ၊ အောင်မြင်သောလုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် စီးပွားရေးနှင့်ပတ်သတ်သောခေတ်ရေစီးကြောင်းကို လေ့လာနိုင်ခြင်း။
  • အသင်း၏ ထင်ရှားအရေးပါသောပွဲများတွင်ပါဝင်နိုင်ခြင်း။
  • အသင်းမှဖွဲ့စည်းထားသည့် ကော်မတီများတွင် ပါဝင်ကူညီခြင်းဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို တစ်ထောင့်တစ်နေရာမှ ပံ့ပိုးနိုင်ခြင်း။
  • အခြားအကျိုးခံစားခွင့်ပေါင်းများစွာ ရရှိနိုင်မည့်အခွင့်အရေးများရှိပါသည်။

မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းအနေဖြင့် လူငယ်များအတွ့် စွန့်ဦးတီထွင်မှုနှင့် ပတ်သတ်သည့် အစီအစဉ်များကို စဉ်ဆက်မပြတ်ပြုလုပ်ပေးလျက်ရှိပါသည်။ အသင်းအနေဖြင့် ရှေ့လာမည့်ကာလများတွင် ဦးစားပေးဆောင်ရွက်မည့်အစီအစဉ်များမှာ-

  • ASEAN Young Enrepreneurs Carnival (September,organize annually in ASEAN countries)
  • Annual Myanmar Entrepreneurship Summit (November)
  • Myanmar Entrepreneurship Week(November)
  • Excursions to Regions (Including site visits,cultural exchange)
  • Regular round table discussions
  • Member day
  • Entrepreneurship Training

ယနေ့ခေတ်တွင် လူသားအချင်းချင်းချိတ်ဆက်မှုသည် စီးပွားရေးလုပ်ငန်းများအတွက်များစွာ အကျိုးဖြစ်ထွန်းလျက်ရှိသည်။ YRYEA အသင်းအနေဖြင့် အသင်းဝင်များ၏လိုအပ်ချက်များကို နားလည်သဘောပေါက်သည့်အတွက် အသင်းဝင်အချင်းချင်းချိတ်ဆက်နိုင်မည့် စင်္ကြန်တစ်ခုကိုစတင်အသုံးပြုနေပြီဖြစ်ပါသည်။ အဆိုပါစင်္ကြန်တွင် အသင်းဝင်များအနေဖြင့် မိမိစိတ်ဝင်စားသည့် လုပ်ငန်းအဖွဲ့များ၊လုပ်ငန်းအချင်းချင်းချိတ်ဆက်မှုများ ပိုမိုလုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ YRYEA အနေဖြင့် Facebook မှတီထွင်ထားသည့် Platform ဖြစ်သော (Workplace by facebook) ကို အသုံးပြုသွားမည်ဖြစ်ပါသည်။ Workplace by Facebook အသုံးပြုပုံနှင့် အသင်းဝင်များအတွက် Personal Access Key များကိုပါ ပူးတွဲထည့်သွင်းထားပါသည်။

     မြန်မာနိုင်ငံလူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးစွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်းတို့၏ကိုယ်စား အသင်းဝင်အသစ်များကို ကြိုဆိုပါကြောင်းနှင့် YRYEA အသင်းကို အသင်းဝင်တို့၏ လူမှုရေးနှင့် စီးပွားရေးလုပ်ငန်းများအတွက်ချိတ်ဆက်ရန် အသုံးပြုခြင်းဖြင့် ပျော်ရွှင်စေပြီး လုပ်ငန်းများပိုမိုအောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။
လေးစားစွာဖြင့်
ဥက္ကဌ
သန်းထိုက်လွင်

Social Share Buttons and Icons powered by Ultimatelysocial